စစ်တွေမြို့နှင့် အမ်းမြို့ရှိ အခြေခံပညာကျောင်းများအား သန့်ရှင်းရေးပြုလုပ်

နေပြည်တော်  မေ  ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမ်းမြို့ရှိ    အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့၌ ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်နှင့် အမ်းတပ်နယ်တို့မှ နယ်မြေခံတပ်မတော်သားများက စာသင်ကျောင်းများအတွင်း ချုံနွယ်ပေါင်းမြက်များ   ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် စာသင်ခုံများ စနစ်တကျနေရာချခြင်း စသည့် ကျောင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။