ကမ္ဘာ့ကပ်ရောဂါ  COVID-19  ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံတောင်သူများ ရောင်းချရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၄ 
    
ကမ္ဘာ့ကပ်ရောဂါ  COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း သွားလာမှု များရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိခြင်းတို့ကြောင့် သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေ များဖြစ်ပေါ်ခဲ့သည်။ 
    
ထိုသို့အခက်အခဲဖြစ်ပေါ်နေသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများအား ဝယ်ယူပေးလျက်ရှိသည်။       
    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ  ယနေ့တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ဒေရဲအင်းကျေးရွာ၊ ကျောက်ကြားကျေးရွာနှင့် စံသီးကုန်း ကေးျရွာများရှိ စိုက်ခင်းများသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍  ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ပန်းဂေါ်ဖီထုပ် ၁၆၀၀၀ ထုပ်နှင့် ဂေါ်ဖီထုပ် ၄၀၀၀ ထုပ်တို့ကို ဝယ်ယူပေးခဲ့ပြီး ဒေသခံတောင်သူများ၏ အခက်အခဲများပေါ်မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
    
တပ်မတော်မှ ယခုကဲ့သို့ လာရောက်ဝယ်ယူပေးသည့်အတွက် ဒေသခံတောင်သူများ ကိုယ်စား တောင်သူနှစ်ဦးက တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများကို အထူးပင်ကျေးဇူး တင်ရှိကြောင်း ရင်တွင်းစကားသံများကို ယခုလိုပြောကြားခဲ့ပါတယ်-

“အခုလို COVID-19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ စိုက်ခင်းတွေအထိ တပ်မတော်က သီးနှံတွေကို လာရောက်ဝယ်ယူပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်” ဟုဒေသခံတောင်သူတစ်ဦးက ပြော သည်။

အလားတူ ဒေသခံတောင်သူတစ်ဦးက လည်း “အခုလို COVID-19 ကာလမှာ ဝယ်သူမရှိတဲ့ ကျွန်တော်တို့ရဲ့ သီးနှံထွက်ကုန်များကို တပ်မတော်သားများက လာရောက်ဝယ်ယူပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်” ဟု ထပ်မံပြောကြားသည်။                

(၁၀၀)