ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်းများ ဆောင်ရွက်
နေပြည်တော် မေ ၁၆
ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မြဝတီကျောင်းတိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ တိုက်ဝါကြီးကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ခရိမ်းကြီးကျောင်းတိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မြို့မကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ဟိုခုံပရိယတ္တိ စာသင်တိုက်နှင့် ကွတ်ခိုင်မြို့နယ်ရှိ တောင်တန်းဒေသထေရဝါဒဗုဒ္ဓဘာသာ သာသနာပြု ကျောင်းတိုက်တို့သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။