COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၄
    
တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့်COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် အလှူငွေများကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမဆောင်၌ အလှူရှင်များက လာရောက် ပေးအပ်လှူဒါန်းသည်။
    
ဦးစွာ အလှူရှင်များဖြစ်သည့် သီရိသုဓမ္မမဏိဇောတဓရ ဦးလီကျိန်းချန်(ခ) ဦးလျိုအားပေါက် မိသားစုမှ အလှူငွေကျပ်သိန်း ၂၀၀ ကိုလည်းကောင်း၊ Myanmar   Secure  Group  Co., Ltd   မှ ဦးရဲရင့်အောင် မှ ငွေကျပ်သိန်း ၂၀၀ နှင့် Face  Mask   ၁၀၀၀၀၀ ခုတို့ကို လည်းကောင်း၊ Royal  Pandora  Co., Ltd   မှ ဦးမင်းထက်အောင် မှ  ငွေကျပ် ၁၀ သိန်းကို လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး က လက်ခံရယူပြီး  အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။