လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် အတွင်းရှိ  ကျေးရွာအုပ်စုအချို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် အတွင်းရှိ  ကျေးရွာအုပ်စုအချို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ ကျွဲဒုံးကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာအုပ်စု၊ ကျုံနတ္တော်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာအုပ်စု၊ ဘီလင်းကျေးရွာအုပ်စု၊ နတ်စဉ်ကျေးရွာအုပ်စု၊ ရွှေလှေ သောင်းကျေးရွာအုပ်စု၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ အင်းတေးကျေးရွာအုပ်စု၊ အင်းမကျေးရွာအုပ်စုနှင့် ညောင်ပင်ဂရက်ကျေးရွာအုပ်စုများ၌ မေ ၁၆ ရက် ညနေ ပိုင်းတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် နေအိမ် ၁၃၀ လုံး အမိုးလန် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၃၂ လုံး ပြိုကျပျက်စီးခဲ့သည်။

အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျေးရွာအုပ်စုများ၌ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ လိုအပ် သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။