မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်အတွင်းရှိ အသွားအလာကန့်သတ် ထားသည့် မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၄
    
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက် အတွင်းရှိ အသွားအလာကန့်သတ်ထားသည့် မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ် ပွဲကို ယနေ့တွင်အဆိုပါရပ်ကွက်ရှိ ခန်းမတွင် ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက် ကြသည်။
    
ဦးစွာ တိုင်းမှူးက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးအသွားအလာကန့်သတ်ထားသည့် ဥပုသ်တော်ရပ်ကွက်(၂၀/၂၉)တွင် နေထိုင်သော အိမ်ထောင်စု ၂၂၄ စု၊ လူဦးရေ ၉၇၃ ဦးတို့အတွက် စားသောက်ရေးအဆင်ပြေစေရန်အတွက်  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရာရှိ၊ စစ်သည် မိသားစုများမှ လှူဒါန်းသည့် ဆန် ၅၆ အိတ်၊ ကြက်ဥ ၁၀၀၀၀ လုံး၊ Face  Mask   ၅၀၀၀ ခုတို့ကို တိုင်းမှူးမှ ထောက်ပံ့ပေးအပ်ရာ ဥပုသ်တော် ရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
    
အဆိုပါ ထောက်ပံ့ပေးအပ်သော ပစ္စည်းများကို ဥပုသ်တော်ရပ်ကွက်မှ တာဝန်ရှိသူ များက သက်ဆိုင်ရာအိမ်ထောင်စုများသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် တိုင်းစစ်ဌာနချုပ် အနေဖြင့် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
    
ဥပုသ်တော်ရပ်ကွက်အား အသွားအလာကန့်သတ်ထားရခြင်းမှာ အဆိုပါရပ်ကွက် အတွင်း၌ COVID-19  ရောဂါပိုးရှိသူ ယနေ့အထိ ၄၁ ဦးတွေ့ရှိရ၍ဖြစ်ကြောင်း သတင်း ရရှိသည်။