ပုလောမြို့နယ်၌ Quarantine ထားရှိသော သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၄
    
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ရှိ COVID-19  ရောဂါ စောင့်ကြပ်ကြည့်ရှုရေး စခန်း၌ Quarantine  ထားရှိသော သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စာရေးအထောက်အကူဖြစ်စေရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက မြို့နယ်ခန်းမ၌ ဆန်၊ ဆီ၊ ကြက်သွန်၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်းပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။    
ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆန် ၂၁ အိတ်၊ ဆီ ၂၀ ပိဿာ၊ ကြက်ဥ ၅၀၀ လုံး၊ ကုလားပဲ ၃၀ ပိဿာ၊ ကြက်သွန်နီ ၅၀ ပိဿာ၊ ကြက်သွန်ဖြူ ၃၀ ပိဿာ၊ ရွှေဖီဦးအထုပ်ကြီး ၁၀ ထုပ်၊ အလှူငွေများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေးပစ္စည်းများ ဖြစ်သည့် Personal Protective Equipment(PPE)  ဝတ်စုံ ၂၁ စုံ၊ Surgical Mask ၂၁ ဘူး၊Goggle   မျက်မှန် ၂၁ ခု၊  Surgical Gloves  လက်အိတ် ၂၁ ဘူး၊ Face Shield  ၂၁ ခု၊ Hand Gel  ၅၀ ဘူးတို့ကို ပေးအပ်လှူးဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။