နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏  ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့မှ ဥက္ကဋ္ဌ ဦးယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏  ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့မှ ဥက္ကဋ္ဌ ဦးယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော်၊ မေ - ၁၉

တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်း ရေးတို့အတွက် ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် တေွ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ သျှမ်းပြည်ပြန် လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့မှ ဉက္ကဋ္ဌ ဦးယွက်စစ်ဦးဆောင်သည့် ငြိမ်းချမ်း ရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်မတော် လေဆိပ်သို့ ရောက်ရှိခဲ့ရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့်တာဝန်ရှိသူများ၊ယဉ်ကျေးမှုဦးစီး ဌာန မှ တိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၂) တံတားသို့ ရောက်ရှိလာရာ တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိုလိုလားထောက်ခံကြသည့် ဒေသခံတိုင်းရင်းသားများက “ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကိုထောက်ခံပါသည်၊ ထာဝရငြိမ်းချမ်းရေးသည် ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုထောက်ခံပါသည်” စသည့်စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ တာချီလိတ်မြို့ ပြည်ထောင်စုလမ်းမကြီးမှ လေယာဉ်ကွင်းလမ်းအထိ လှိုက်လှိုက်လှဲလှဲဖြင့်ထောက်ခံကြိုဆိုခဲ့ကြသည်။

ထို့နောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့မှ ဉက္ကဋ္ဌ ဦးယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ကျိုင်းတုံ လေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။