ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)သို့ ဆေးရုံသုံးအထောက် အကူပြုစ္စည်းများနှင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအတွက် အလှူငွေများ လာရောက်လှူဒါန်း

ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)သို့ ဆေးရုံသုံးအထောက် အကူပြုစ္စည်းများနှင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအတွက် အလှူငွေများ လာရောက်လှူဒါန်း

နေပြည်တော်၊ မေ - ၁၉

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)သို့ ဆေးရုံသုံးအထောက်အကူပြုပစ္စည်းများနှင့် ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆေးရုံအစည်းအဝေး ခန်းမ၌ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ ဆေးရုံမှတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ အလှူရှင်တစ်ဦးက ဆေးရုံသုံးပစ္စည်းများနှင့် အလှူငွေများပေးအပ် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ထို့နောက်ဆေးရုံသုံးအထောက် အကူပြုပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်းရာ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။