အဋ္ဌမမြောက်ရွှေတံဆိပ်ဆုကို ဗိုဗီနမ်အားကစားနည်းမှဆွတ်ခူး ဗိုဗီနမ်၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ ကနူး/ကယက် လှေလှော်၊ ဂျူဒိုနှင့် အလေးမအားကစားနည်းတို့မှ ငွေ၊ ကြေး ဆုတံဆိပ်များ ထပ်မံဆွတ်ခူးရရှိ
ဗီယက်နမ် မေ ၂၀
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Multiple Weapon practice: againts 03 other with weapon (လေးယောက်တွဲ) အပြပွဲစဉ်၌ မနားကွီး၊ အိုက်စိုးလင်း၊ ဇင်လင်းထွန်းနှင့်ဇော်ဇော်တို့က မြန်မာနိုင်ငံအတွက် (၈)ခုမြောက်ရွှေတံဆိပ်ဆုကို ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ Female Single Hand Practice: Dragon Tiger form (တစ်ကိုယ်တောင်လက်သိုင်း)အပြပွဲစဉ်၌ ခိုင်ဝါဖူးက ငွေတံဆိပ် ဆုကိုလည်းကောင်း၊ Female Single Weapon Practice: Ying Yang sword form (တစ်ကိုယ်တော်ဓားရှည်)အပြပွဲစဉ်၌ မေဟန်နီ နွေအောင်က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ (-၆၅)ကီလိုတန်း(အတိုက်)ပြိုင်ပွဲတွင် ဝေသူလွင်က ကြေးတံဆိပ်ဆုကို လည်းကောင်း၊ ဘိလိယက်နှင့်စနူကာ အားကစားနည်းမှ English Billiards Double ပြိုင်ပွဲတွင် ပေါက်စနှင့် မင်းစည်သူထွန်းတို့က ငွေတံဆိပ်ဆုကို လည်းကောင်း၊ ကနူးလှေလှော် (၅၀၀)မီတာ (C4 W) ပြိုင်ပွဲတွင် ဝင်းထိုက်၊ မင်းနိုင်၊ မျိုးလှိုင်ဝင်း၊ သန့်ဇင်ဦးတို့က ကြေးတံဆိပ်ဆု ကို လည်းကောင်း၊ လက်ဝှေ့အားကစားနည်းမှ (-၅၂) ကီလိုတန်းတွင် လင်းထွဋ်ပိုင်နှင့် (-၄၈) ကီလိုတန်းတွင် အေးငြိမ်းထူးတို့မှ ကြေးတံဆိပ် တစ်ခုစီကိုလည်းကောင်း၊ ဂျူဒိုအားကစားနည်းက (-၅၂) ကီလိုတန်းတွင် အေးမာလာမှ ကြေးတံဆိပ်တစ်ခုကို လည်း ကောင်း၊ အလေးမ အားကစားနည်းက (၅၉) ကီလိုတန်းတွင် နော်တဘိုးရာမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ သည်။
ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် Grand Vista Hanoi Hotel ၌ နေထိုင်သည့် မြန်မာအားကစားအဖွဲ့မှ ဂျူဒို အားကစားသမားများနှင့် Grand Phonelx Hotel ၌နေထိုင်သည့် လက်ဝှေ့အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က သွားရောက်တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ပြီး ဆုတံဆိပ်များ ရရှိခဲ့ကြသည့် အားကစားသမားများအား နိုင်ငံတော်မှ ထပ်ဆောင်းချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ ရွှေတံဆိပ်ဆုအတွက် ၃၀၀၀၊ ငွေတံဆိပ်ဆုအတွက် ၂၀၀၀ထောင်၊ ကြေးတံဆိပ်ဆု တွက် ၁၀၀၀ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ဘိလိယက်၊ E-sports၊ ဘော်လီဘော၊ ကနူးလှေလှော်၊ ဂျူဒို၊ ဗိုဗီနမ်၊ အလေးမ၊ လက်ဝှေ့အားကစားနည်းများတွင် မြန်မာအားကစားအဖွဲ့များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မေ ၂၁ ရက်(ယနေ့ )ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ စစ်တုရင်၊ ဘိလိယက်၊ ကနူး၊ ပိုက်ကျော်ခြင်း၊ E-sports၊ အမျိုးသမီး(ဘောလုံး)၊ ဂျူဒို၊ အလေးမ၊ ဗိုဗီနမ်၊ လက်ဝှေ့ အားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ဝန်းရံခ