ယနေ့ COVID-19 ရောဂါပိုးတွေ့လူနာ ၁၂၉၄ ဦးအထိရှိလာ

နေပြည်တော်  အောက်တိုဘာ  ၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှု မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ ၁၂၉၄ ဦးနှင့် သေဆုံးသူ ၄၁ ဦးထပ်တိုးကြောင်း သိရသည်။

(၃-၁၀-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၉၇၅ ဦး၏ မြို့နယ် အလိုက်တွေ့ရှိရမှု အခြေအနေကို ယနေ့ည ၇ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၃-၁၀-၂၀၂၀)ရက် ည ၈ နာရီမှ (၄-၁၀-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၈၁၀၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂၉၄ ဦး တွေ့ရှိရ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 (၅၀၀)