နေပြည်တော် မေ ၂၁
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြို့အသီး သီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိသည်။
ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soe Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Single Weapon practice four element staff form (တုတ်ရှည်အပြ)ပွဲစဉ်၌ တင်ထူးဇော်က ငွေတံဆိပ်ဆုကို လည်းကောင်း၊ Male Couple Weapon practice pair machete form (နှစ်ယောက်တွဲအပြ) ပွဲစဉ်၌ ရာဇာထွန်းနှင့် တင်ထူးဇော်တို့က ကြေးတံဆိပ်ဆုကို လည်းကောင်း၊ (-55)ကီလို တန်း(အတိုက်)ပွဲစဉ်၌ ကျော်ကိုကိုက ကြေးတံဆိပ်ဆုကို လည်းကောင်း၊ သေနတ်ပစ်အား ကစားနည်းမှ (10)မီတာ Air Pistol Mixed Team ပွဲစဉ်၌ ရဲထွန်းနောင်နှင့် ချစ်စိုး နွယ်တို့က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း အားကစား နည်းမှ အမျိုးသား (လေးယောက်တွဲ) ပွဲစဉ်၌ အမျိုးသားအသင်းက ကြေးတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး (လေးယောက်တွဲ)ပွဲစဉ်၌ အမျိုး သမီးအသင်းက ကြေးတံဆိပ်ဆုကိုလည်း ကောင်း၊ ဂျူဒို အားကစားနည်းမှ (-45) ကီလိုတန်းပွဲစဉ်၌ စဲလ်ဝှီးက ကြေးတံဆိပ်ဆုကို လည်းကောင်း၊ ကနူး/ကယက် လှေလှော်အားကစားနည်းမှ အမျိုးသမီး မီတာ(၂၀၀) ကနူးတစ်ဦးချင်းပွဲစဉ်၌ သက်ဖြိုးနိုင်က ကြေးတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး မီတာ(၂၀၀) ကနူး လေးယောက်လှော်ပွဲစဉ်၌ သက်ဖြိုးနိုင်၊ စုဝေဖြိုး၊ မြင့်မြင့်စိုးနှင့် မိုးမမတို့က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ Men Snooker Single ပွဲစဉ်၌ အောင်ဖြိုးက ကြေးတံဆိပ်ဆုကို လည်းကောင်း ရရှိကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ Hoang Mai Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစား နေမှုများကို လည်းကောင်း၊ Hoai Duc Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဂျူဒိုအားကစားပြိုင်ပွဲ မှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင် နေမှုများကိုလည်းကောင်း၊ Hanoi National Sport Training Centre အားကစားရုံ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစား ပြိုင်ပွဲမှ ဆုရရှိခဲ့သည့် အားကစားသမားများ ကို ဆုများပေးအပ်ချီးမြှင့်သည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် Ha Long City ရှိ Cam Pha Stadium ၌ ကျင်းပလျက်ရှိသည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယလုပွဲ မြန်မာအသင်း ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ စစ်တုရင်၊ ဘိလိယက်၊ ကနူးလှေလှော်၊ ပိုက် ကျော်ခြင်း၊ Esports ၊ အမျိုးသမီးဘောလုံး၊ ဂျူဒို၊ အလေးမ၊ ဗိုဗီနမ်၊ လက်ဝှေ့အားကစား ပြိုင်ပွဲများကို မြန်မာအားကစားအဖွဲ့များက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျော်လွင်