နေပြည်တော် အောက်တိုဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် မိုင်းဆတ်မြို့၏ အရှေ့ဘက်မီတာ ၁၅၀၀ ခန့်အကွာရှိ တန့်ဆိုင်ကျေးရွာအနီး၌ မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် တန့်ဆိုင်-မိုင်းဆတ်သွားကားလမ်းအတိုင်း မောင်းနှင်လာသည့် Vigo အမျိုးအစား မော်တော်ယာဉ် အမှတ်၊ YGN/1N---- တစ်စီးအား တွေ့ရှိသဖြင့် စစ်ဆေးရန် တားဆီးစဉ် ကားပေါ်ပါရှိသည့် လူငယ်နှစ်ဦးမှာ မော်တော်ယာဉ်အား ရပ်တန့်၍ ထွက်ပြေးသွားခဲ့သည်။
အဆိုပါ ရပ်တန့်ထားသည့် မော်တော်ယာဉ်အားစစ်ဆေးရာ မော်တော်ယာဉ်ပေါ်ရှိ ဆာလာအိတ် ၂၀ အိတ်အတွင်းမှ အိုက်စ် ၅၀၀ ကီလိုဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀ ဘီလီယံခန့်)ကို တွေ့ရှိသိမ်း ဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများကို မိုင်းဆတ်မြို့၊ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
(၁၀၀)