ထန်တလန်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့မှုများ ထပ်မံလုပ်ဆောင်

ထန်တလန်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့မှုများ ထပ်မံလုပ်ဆောင်

 နေပြည်တော်၊ မေ - ၂၃                                                     

ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက်အတွင်း၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား ၁၅ ဦးခန့်က လက်နက်ငယ်များ၊ တစ်လုံးထိုးသေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် အမှတ်(၁)ရပ်ကွက်၏ မြောက်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်ခဲ့မှုများကြောင့် ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးစဉ်အတွင်း အမှတ်(၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့သွားသဖြင့် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ၁ ထပ်နေအိမ် ၃၀ လုံး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ၂ ထပ်နေအိမ် ၂၂ လုံးနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊  စုစုပေါင်း နေအိမ် ၅၂ လုံး နှင့် ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း ၁ ကျောင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၃၈၅၀ ခန့်) မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်သမားများထံမှ Super Mag တံဆိပ်ပါ ပြောင်းချောသေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၄ လုံးနှင့်အတူ CDF ထန်တလန် လက်မောင်းတံဆိပ်ပါ  ပြောက်ကျားဝတ် အမျိုးသားအလောင်း ၂ လောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။

NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ နေရာဒေသအချို့၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ်ကိုင်လျက်ရှိရာ လမ်း ပန်းဆက်သွယ်ရေးခက်ခဲသည့် ထန်တလန်မြို့အတွင်း၌ ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလ ၂၉ ရက်မှ ယနေ့အထိ ထန်တလန်မြို့အတွင်း မီးရှို့မှုအနေဖြင့် (၁၆)ကြိမ် ကျူးလွန်ခဲ့ကာ  လူနေအိမ် ၃၂၁ လုံး၊ ဆေးရုံ ၁ ခု၊ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း ၄ ကျောင်းနှင့် ဈေးဆိုင်ခန်း ၇ ခန်း၊ (စုစုပေါင်းကာလတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၀၁၁၃ သိန်းကျော်) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများက ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို မကြာခဏ ကျူးလွန်လုပ်ဆောင်၍ လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်းတည် ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့်ဆောင်ရွက်လျက်ရှိသဖြင့် ဒေသတွင်းတည်ငြိမ် အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးမှုရှိစေရေးအတွက် လိုအပ်သည့်လုံခြုံရေး      လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။