သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဉီးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဉီးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နေပြည်တော် မေ ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိနေသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဉီးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ လေကြောင်း ခရီးဖြင့်ပြန် လည်ထွက်ခွာသွားသည်။

အဆိုပါ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)  ဥက္ကဋ္ဌ ဉီးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဉီးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက နေပြည်တော်တပ်မတော်လေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။

ထို့‌နောက် နေ့လယ်ပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဉီးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် တာချီလိတ်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြရာ တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားထောက်ခံကြသည့် ဒေသခံတိုင်းရင်းသားများက ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းများကို အောင်မြင်အောင် ဆွေးနွေးနိုင်ခဲ့သည့်အတွက် တာချီလိတ်လေဆိပ်မှ တာချီလိတ်မြို့ ပြည်ထောင်စု လမ်းကြီးအတိုင်း    မြန်မာ- ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအထိ “ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဆောင်ရွက်မှုများ အောင်မြင်ပါစေ၊ ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံပါသည်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်ရမည်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုထောက်ခံ ပါသည်” စသည့် စာသားပါဆိုင်း ပုဒ်များကိုင်ဆောင်၍ လှိုက်လှိုက်လဲလဲ ဂုဏ်ပြုထောက်ခံကြိုဆို ခဲ့ကြကြောင်း သတင်းရရှိသည်။