မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအုပ်စု၊ မြိုယုကျေးရွာသစ်တွင် ယာယီစာသင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာပြုလုပ်၊ မြိုတိုင်းရင်းသား အိမ်ထောင်စုများအတွက် ကျောင်းဝတ်စုံ၊ ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်

မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအုပ်စု၊ မြိုယုကျေးရွာသစ်တွင် ယာယီစာသင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာပြုလုပ်၊ မြိုတိုင်းရင်းသား အိမ်ထောင်စုများအတွက် ကျောင်းဝတ်စုံ၊ ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ မေ - ၂၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မောင်တောမြို့နယ်၊ ကျောက် ပန္ဒူကျေးရွာအုပ်စုတွင် ယာယီတိုက်ပွဲရှောင်မြိုတိုင်းရင်းသားအိမ်ထောင်စုများအတွက် နေရာချထားပေးသည့် မြိုယုကျေးရွာသစ်၌ နေထိုင်လျက်ရှိသော မိသားစုများမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရန်အတွက် ယာယီအခြေခံပညာ မူလတန်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာကို ယနေ့နံနက်ပိုင်း တွင် အဆိုပါရွာသစ်၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာသူ/ကျေးရွာသားများ တက်‌ ရောက်ကြသည်။

ဦးစွာ တိုင်းမှူး နှင့် တာဝန်ရှိသူများက ယာယီကျောင်းဆောင်သစ်ဆောက်လုပ် မည့် သတ်မှတ်နေရာအသီးသီး၌ ပန္နက်ရိုက်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကြ သည်။ ထို့နောက် တိုင်းမှူးနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်လှ တို့က အမှာစကား များအသီးသီးပြောကြားကြပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုး က အိမ်ထောင်စုဝင်များအတွက် လိုအပ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

၎င်းနောက် ကျေးရွာသူ/ကျေးရွာသားများက ကျေးရွာအတွက် အထွေထွေလို အပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မြိုတိုင်းရင်းသား အိမ်ထောင်စု ၅၄ စုတို့အတွက် ဗုဒ္ဓဆင်းတု တော်များ၊ စိတ်ပုတီးနှင့် တရားစာအုပ်များပေးအပ်လှူဒါန်းပြီး ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကျောင်းဝတ်စုံ ၁၃၂ စုံ၊ ဆန် ၅၄ အိတ်နှင့် စားသောက်ကုန်ပစ္စည်းမျိုးစုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။