AFC Asian Cup 2023 အာရှဖလား ခြေစစ်ပွဲအတွက် မြန်မာအသင်းက ဟောင်ကောင် လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရာ ဂိုးမရှိ သရေကျ
နေပြည်တော် မေ ၂၄
ပဏာမမြန်မာ့လက်ရွေးစင် အသင်းသည် AFC Asian Cup 2023 အာရှဖလား ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု အဖြစ် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ လေ့ကျင့်ရေး ခြေစမ်းပွဲစဉ်အဖြစ် ယနေ့ ညနေ့ပိုင်းတွင် ဟောင်ကောင်လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်း အနေဖြင့် အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Alpine Training Camp ၌ လေ့ကျင့်မှုများ ပြုလုပ်ကာ ခြေစမ်းပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး မေ ၂၇ ရက်တွင် ဘာရိန်းလက်ရွေးစင် အသင်းနှင့် ဆက်လက်ခြေစမ်း ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များတွင် အုပ်စု(ၤ)၌ အိမ်ရှင် ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ စင်ကာပူ အသင်းများနှင့်အတူ ကျရောက်နေပြီး အုပ်စု ပထမ၊ ဒုတိယရရှိပါက ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
ပဏာမမြန်မာ့လက်ရွေးစင် အသင်းအား ကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံတကာခြေစမ်းပွဲများ အပြီးတွင် နောက်ဆုံး လူစာရင်းအား နည်းပြချုပ် အန်တွမ်နီဟေးက ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။