အာဆင်နယ်အသင်းနည်းပြ အာတီတာက လာမည့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် လက်စတာအသင်း ကွင်းလယ်ကစားသမား တိုင်လီမန်းကို ခေါ်ယူပေးရန် အသင်းဘုတ်အဖွဲ့ထံ တောင်းဆို ခဲ့ကြောင်း သိရသည်။
လက်စတာအသင်းနှင့် ခြေစွမ်းပြလျက်ရှိသည့် တိုင်လီမန်းသည် အသင်းနှင့်စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး လက်စတာအသင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆိုကာ အသင်းတွင် ဆက် လက်ထိန်းသိမ်း ထားလိုသော်လည်း တိုင်လီမန်း ကိုယ်တိုင်က သက်တမ်းတိုးစာချုပ်အတွက် ကမ်းလှမ်းမှုကို ငြင်းဆိုထားပြီး အသင်းမှထွက်ခွာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
လက်စတာအသင်းအနေဖြင့်လည်း သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသည့်အတွက် လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် တိုင်လီမန်းကို မဖြစ်မနေရောင်းချရမည့် အရေးနှင့် တွေ့ကြုံ နေရသည်။ အသက် ၂၅ နှစ်အရွယ် တိုင်လီမန်းသည် ၂၀၁၈ ခုနှစ်က မိုနာကိုအသင်းမှ လက်စတာအသင်းသို့ ပြောင်းရွှေ့ကစား ခဲ့ပြီးနောက် အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထိပ်တန်း ကစားသမား တစ်ဦးအဖြစ် ရပ်တည်နေသည့်အတွက် အာဆင်နယ် အသင်းအပြင် တခြား ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးအများစုကလည်း ခေါ်ယူလိုနေခြင်း ဖြစ်သည်။
အာဆင်နယ်အသင်းသည် ယခုဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ရသော်လည်း အဆင့်(၅) နေရာ၌ ရပ်တည်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့သည့်အတွက် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင် ကစားသမားအင်အား ဖြည့်တင်းလိုနေခြင်း ဖြစ်သည်။
နည်းပြအာတီတာက ကွင်းလယ်ပိုင်းအပြင် တိုက်စစ်ပိုင်းအထိ လိုက်ပါကစားနိုင်သည့် တိုင်လီမန်းကို စတာလင်ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းမှုပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
Ref;Metro