COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား ဆက်လက်လက်ခံ

နေပြည်တော်၊  အောက်တိုဘာ - ၅
    
တပ်မတော်အနေဖြင့်  Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးတို့အတွက် သီးသန့်စောင့်ကြည့်ရမည့်သူများအား လက်ခံ လျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌  သီးသန့်စောင့်ကြည် ရမည့်သူ ၃၄၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၂၃ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ 
    
စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ သတ်မှတ်ရက်ပြည့်မြောက်သည့် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၄၅ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ် ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့်သတ်မှတ်ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူ များက စီစဉ်ပေးသည့် မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ စောင့်ကြည့်ထားသူများအနက်မှ COVID-19 ရောဂါ ပိုးတွေ့ရှိသူ အမျိုးသမီး ၁ ဦးကို ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ကုတင်-၃၀၀)သို့ လွှဲပြောင်းပေးခဲ့သည်။
    
အလားတူ  ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ ဘောနတ်ကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော  Quarantine Center   ရှိ COVID-19   ရောဂါနှင့် ပတ်သက်၍ သီးသန့်စောင့်ကြည့်သူများအတွက် ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပျဉ်ပုံကြီးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး မျိုးရွှေနှင့် အဖွဲ့ဝင်များက စားသောက်ဖွယ်ရာများ သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။