ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ပြင်သစ်မဂ္ဂဇင်းတို့ ပူးပေါင်းချီးမြှင့်သော ကမ္ဘာ့ဘောလုံးလောကတွင် အဆင့်အတန်းအမြင့်ဆုံးဆု ဖြစ်သည့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု(Ballond'Or) ဆုပေးပွဲ အခမ်းအနားကို အောက်တိုဘာ ၁၇ ရက်တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballond'Or) ကို ၁၉၅၆ ခုနှစ်က စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးလောကတွင် ဂုဏ်သိက္ခာအကြီးမားဆုံးဆုတစ်ခုဖြစ်သည်။
အဆိုပါ ဆုပေးပွဲကို ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ က ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲများ ပြီးဆုံးအောင် ကျင်းပနိုင်ခြင်းမရှိသည့်အတွက် ဖျက်သိမ်းခဲ့ရသော်လည်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတွင် ပြန်လည် ပေးအပ်ခဲ့ရာ ဘာစီလိုနာအသင်းနှင့်အတူ မက်ဆီက ခုနစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အကြိမ်ရေ အများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၁-၂၀၂၂ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (Ballond'Or)ဆုအတွက် လက်ရှိမေလအတွက် အဆင့်သတ်မှတ်ချက်တွင် ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘင်ဇီမာက ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဆာလက်ချ်က အဆင့်(၂)၊ မာနေးက အဆင့်(၃)နှင့် လီဝန်ဒေါစကီးက အဆင့်(၄)နေရာ၌ ရပ်တည်လျက် ရှိကြောင်း သိရသည်။
Ref;ACE Football