ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရှမ်းချယ်ရီပရဟိတပညာရေးဂေဟာ (၆)နှစ်မြောက်နှစ်ပတ်လည်နေ့နှင့် အလှူငွေပေးအပ်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရှမ်းချယ်ရီပရဟိတပညာရေးဂေဟာ (၆)နှစ်မြောက်နှစ်ပတ်လည်နေ့နှင့် အလှူငွေပေးအပ်ပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂၆                                                        

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရှမ်းချယ်ရီပရဟိတပညာရေး ဂေဟာ၏ (၆)နှစ်မြောက်နှစ်ပတ်လည်နေ့နှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ပိုင်းတွင် အဆိုပါပညာရေးဂေဟာ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ရှိ ဌာဆိုင်ရာတာဝန်ရှိသူ များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းချယ်ရီပရဟိတ ပညာရေးဂေဟာကော်မတီဉက္ကဋ္ဌက ပညာရေးဂေဟာ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် နှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့် အလှူရှင်များက  ပညာရေးဂေဟာအတွက် ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ဂုဏ်ပြုပေးအပ်သည်။

အဆိုပါ ပညာရေးဂေဟာကို ၂၀၁၆ ခုနှစ်၊ မေ ၂၆ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူ ၂၂ ဦးအား ဆက်လက်ပြုစုပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။