တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲစတင် ကျင်းပ

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲစတင် ကျင်းပ

နေပြည်တော်၊ မေ - ၂၆

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ ကို မေ ၂၅ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပထမနေ့ပွဲစဉ်များဖြစ်သည့် အမျိုးသား/အမျိုးသမီး မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ မီတာ(၄၀၀) အပြေးပြိုင်ပွဲနှင့် အမျိုးသားလှံတံပစ်ပြိုင်ပွဲ များ ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပြေးခုန်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၂)သင်းနှင့် အမျိုးသမီးအသင်း(၁၂)သင်း တို့ဖြင့်  မေ ၂၅ ရက်မှ မေ ၃၀ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။