အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)ရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)ရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့

နေပြည်တော်၊ မေ - ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာ(မန္တလေး)ရှိ အခြေခံပညာကျောင်းသား/ကျောင်းသူများအတွက်  ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ် ခြင်းကို ယနေ့နံနက်ပိုင်းတွင်  အဆိုပါစစ်မှုထမ်းဟောင်းအိမ်ရာရှိ အစည်းအဝေးခန်းမ ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူကြို ကျောင်းသား/ကျောင်းသူ ၁၅၂ ဦးတို့ကို ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက  အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။