လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံသို့ အလှူငွေများ ပေးအပ်လှူဒါန်း၊ ဆေးရုံတက်လူနာများ အား ကြည့်ရှုအားပေး

လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံသို့ အလှူငွေများ ပေးအပ်လှူဒါန်း၊ ဆေးရုံတက်လူနာများ အား ကြည့်ရှုအားပေး

 
နေပြည်တော်၊ မေ - ၂၇

 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံသို့ အလှူရှင်များက အလှူငွေပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ဆေးရုံမှတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အလှူရှင်များက ဆေးရုံ၌ အထွေထွေအသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ်သိန်း ၇၀ ကို ပေးအပ်လှူဒါန်း ရာ ဆေးရုံမှ တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။