ကျောက်ဆည်မြို့နယ်၊ ပေါင်းလောင်းကြီး ကျေးရွာ၌  ဗုံးသီးဟောင်း နှစ်လုံးတွေ့ရှိ

နေပြည်တော်  အောက်တိုဘာ  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ ပေါင်းလောင်းကြီးကျေးရွာအုပ်စု၊ ပေါင်းလောင်းကြီး ကျေးရွာနေ ဒေါ်ခင်မာ ပိုင်ဆိုင်သောလယ်မြေရှိ ငှက်ပျောစိုက်ခင်း အတွင်း ဦးအောင်ဝင်းထွဋ်သည် အောက်တို ဘာ ၄ ရက် နံနက် ၉ နာရီခန့်တွင် ရေဆိုး ထုတ်မြောင်းတူးဖော်စဉ် အလျား ၁ ပေခွဲ ခန့်၊ လုံးပတ် ၁၂ လက်မခန့်ရှိ ဗုံးသီးဟောင်း နှစ်လုံးအားတွေ့ရှိကြောင်း  သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ် ဆေးသိမ်း ဆည်း ခဲ့သည်။

အဆိုပါ ဗုံးသီးဟောင်းများအား အများ ပြည်သူများအန္တရာယ် မဖြစ်စေရေး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။