ဖမ်းဆီးရမိ စားသုံးရန်မသင့်သော ပစ္စည်းများ မီးရှို့ဖျက်ဆီး
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အကောက်ခွန် ဦးစီးဌာနရုံးဝင်း၌ မေ ၂၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိ စားသုံးရန် မသင့်သော ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းနှင့် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခြင်း အခမ်းအနား ကျင်းပသည်။
ထိုသို့ဖျက်ဆီးရာတွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း တာဝန်ခံ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်ကြပြီး ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးရမိသော အများပြည်သူများ စားသုံးရန်မသင့်သည့် အဝတ်အထည် စုစုပေါင်း တန်ဖိုးငွေကျပ် ၆၀၈၀၀၀၀၀ အား လမ်းကြိတ်စက်ဖြင့် ကြိတ်ခြေဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။