မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း  ၈၂၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း  ၈၂၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် မေ ၂၈

မန္တလေးတိုင်းဒေသကြီး  ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၈၂၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ  ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၄ ရက် မွန်းလွဲ ၁ နာရီက  မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ပြင်ဦးလွင်မှ မန္တလေးဘက်သို့  သီဟအောင် မောင်းနှင်လာသည့်  Hino   ခြောက်ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၈၂၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် M 22သေနတ် နှစ်လက်၊  ကျည်အိမ် နှစ်ခု၊   ၎င်းကျည် အတောင့် ၁၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများနှင့် လက်နက်ခဲယမ်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို  ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။