ငါ့သရောက်၊ ကျန်းမာရေး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့အတွင်းရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းတို့ကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်လေး ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၇ ရွာတို့၌ သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အလိုက် ဆောင်ရွက်ကြောင်း သိရသည်။
မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ်ဘီစီဂျီ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ် ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း များဆောင်ရွက်ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)