ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ ကျင်းပပြုလုပ်

ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ ကျင်းပပြုလုပ်

နေပြည်တော်၊ မေ-၂၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်၊ မြို့နယ်များမှ ပညာရေး မှူးများ၊ ကျောင်းသားမိဘများ၊ မြို့မိမြို့ဖများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပညာရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေး ဆိုင်းပုဒ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား/ကျောင်းသူများက မြန်မာ့ ကျောင်းသားသီချင်းဖြင့် သီဆိုကြသည်။

ထို့နောက် တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးနှင့် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများ ပေးအပ်ရာ ပြည်နယ်ပညာ ရေးမှူးက လက်ခံရယူပြီး ကျေးဇူတင်စကားများပြန်လည်ပြောကြားကာ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက “ ပြည်ထောင်စုကြီးထာဝရတည်တံ့ စေသား၊ ပန်းကလေးများရဲ့ဉယျာဉ်မှူး၊ ထာဝရမြန်မာ၊ ပြည်မြန်မာ” စသည့် သီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။

၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် ကျောင်းသား/ကျောင်းသူများအား သင်ကြားပို့ချမည့် သင်ထောက်ကူပစ္စည်းပြ ခန်းများအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။