လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူ ၄၅၆၆ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူ ၄၅၆၆ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

နေပြည်တော်၊ မေ - ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်အတွင်းရှိ လားရှိုး၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံ၊ သီပေါ၊ ကျောက်မဲမြို့နယ်များမှ ဒေသခံပြည်သူ  ၄၅၆၆ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ဌာနဆိုင်ရာ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှာစကားပြောကြားသည်။ ထို့နောက် လားရှိုး ခရိုင်၊ ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ဒေသခံ ပြည်သူ စုစုပေါင်း ၄၅၆၆ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ဒေသခံပြည်သူအသီးသီးက လက်ခံရယူပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။