လားရှိုးမြို့ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ ကျင်းပပြုလုပ်

လားရှိုးမြို့ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ ကျင်းပပြုလုပ်

နေပြည်တော်၊ မေ-၂၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လားရှိုးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ ဆိုင်းပုဒ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆရာ၊ ဆရာမများက ကျောင်းအပ်နှံရေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများကို ထောက်ပံ့ငွေ နှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာ အုပ်များနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။