နေပြည်တော် အောက်တိုဘာ ၅
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ည ၈နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၉၈၇ နှင့် သေဆုံးသူ ၃၂ ဦး ထပ်တိုးကြောင်း သိရသည်။
(၄-၁ဝ-၂ဝ၂ဝ)ရက် ဓာတ်ခွဲ စစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ ၁၂၉၄ဦး၏ မြို့နယ် အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၄ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။
(၄-၁ဝ-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၅-၁ဝ-၂ဝ၂ဝ)ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၈၂၈၅ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၉၈၇ ဦးတွေ့ရှိရကြောင်း ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။