ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၉ ဒသမ ၇ ကီလိုဖမ်းဆီးရမိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၉ ဒသမ ၇ ကီလိုဖမ်းဆီးရမိ

နေပြည်တော်  မေ  ၂၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၉ ဒသမ ၇ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၃ ရက် ညနေ  ၃ နာရီခွဲတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာတွင် ဝင်းဦး မောင်းနှင်ပြီး မမူဒါန်နှင့် တေဇာလင်းတို့ လိုက်ပါလာသည့် ဏဗဲနျွဥ မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး    ယူမာကျေးရွာရှိ စားသောက်ဆိုင်တွင် ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်သူ ထွန်းထွန်းထိုက်နှင့် မနန်းမိုးမိုးအေးတို့ကို ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်း၊ စစ်ဆေးချက်အရ ည ၆ နာရီတွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာရှိ မအေးပန့် ၏နေအိမ်တွင် ကျန်ရှိသည့် ဘိန်းဖြူ ၉ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၉ ဒသမ  ၇ ကီလိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။