မြိတ်မြို့ရှိ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ ကျင်းပပြုလုပ်

မြိတ်မြို့ရှိ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ ကျင်းပပြုလုပ်

နေပြည်တော်၊ မေ-၃၀

             ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေး နေ့ကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

             ဦးစွာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို ဖျော်ဖြေကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။  ထို့နောက် ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက ကျောင်းအပ်နှံရေးဆိုင်ရာ များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

             ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မြိတ်တက္ကသိုလ်ပုလဲသစ္စာခန်းမ၌ မြိတ်တက္ကသိုလ်မှ ပါမောက္ခာချုပ်နှင့် တွဲဖက်ပါ မောက္ခများ၊ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး မြိတ်တက္ကသိုလ်ဓမ္မာရုံ တည်ဆောက်ရေးအတွက် အလှူငွေကျပ် သိန်း ၂၀၀ အား ပေးအပ်လှူဒါန်းကာ တက္ကသိုလ်သင်ကြားရေးဌာန၏ ပြခန်းများအတွင်း လိုက်လံ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။