အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များမှ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်

နေပြည်တော်၊ မေ - ၃၀

        ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ် စုံများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စစ်တွေ တပ်နယ်ရှိ ဗန္ဓုလခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် စာရေး ကိရိယာများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် အသုံးအဆောင် ပစ္စည်းများကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

        အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီး၌လည်း ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကို တာဝန်ရှိသူများက ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။