၂၀၂၂ ခုနှစ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

၂၀၂၂ ခုနှစ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်  မေ  ၃၀

၂၀၂၂ ခုနှစ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမျိုးသား မိတ္ထီလာတပ်နယ် အသင်းနှင့်  အမျိုးသား ကျောက်ပန်းတောင်း အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို    ကြည့်ရှုအားပေးကြသည်။

အဆိုပါ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၃ သင်းနှင့် ပြိုင်ပွဲဝင် အမျိုးသမီးအသင်း ၁၃ သင်းဖြင့် အုပ်စု ၄ စုစီခွဲကာ ဇွန် ၃ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။