ရန်ကုန်စတော့ဈေးကွက်တွင် စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂ ရက်အထိ တစ်ပတ်တာကာလအတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီများမှ စတော့ရှယ်ယာရောင်းဝယ်မှု တန်ဖိုး ငွေကျပ် သန်း ၂၀၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီခြောက်ခုမှ စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ စတော့ရှယ်ယာအစောင်ရေ ၂၃၆၅၇ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၃၉၄၉၁၉၁၅၀ ရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီခြောက်ခုမှ စတော့ရှယ်ယာရောင်းဝယ်မှုမှာ စတော့ရှယ်ယာအစောင်ရေ ၂၁၅၂၆ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၂၃၂၀၄၀၈၀၀ ရရှိ၍ ပြီးခဲ့သည့်တစ်ပတ်ကထက် ရောင်းဝယ်မှုပမာဏ လျော့ကျခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ရောင်းဝယ်မှုပမာဏလျော့ကျခြင်းမှာ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂ ရက်၏ တစ်ပတ်တာရောင်းဝယ်မှုတွင် လေးရက်သာ အရောင်းအဝယ်ရှိခဲ့ပြီး အောက်တိုဘာ ၁ ရက်သည် ဈေးကွက်ပိတ်ခြင်းကြောင့် ဖြစ်သည်။
စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂ ရက်အထိ စာရင်းဝင်ကုမ္ပဏီတစ်ခုချင်းစီ၏ စတော့ရှယ်ယာရောင်းဝယ်မှုကို ကြည့်မည်ဆိုပါက First Myanmar Investment Public Co.,Ltd. ( FMI ) မှ စတော့ရှယ်ယာအစောင်ရေ ၆၁၆၅ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၆၂၀၉၉၁၀၀ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
Myanmar Thilawa SEZ Holdings Public Co.,Ltd. ( MTSH )မှ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း စတော့ရှယ်ယာအစောင်ရေ ၈၂၂၁ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၃၀၃၆၅၃၀၀ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
Myanmar Citizens Bank (MCB)မှ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း စတော့ရှယ်ယာအစောင်ရေ ၁၈ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၁၄၄၁၀၀ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
First Private Bank Limited (FPB) မှ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း စတော့ရှယ်ယာအစောင်ရေ ၆၁၁၂ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၁၃၆၆၇၅၅၀၀ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
TMH Telecom Public Co.,Ltd. မှ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း စတော့ရှယ်ယာအစောင်ရေ ၉၃၅ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ်၂၅၂၆၇၀၀ အရောင်းအဝယ်ရှိခဲ့ပြီး စတော့အိတ်ချိန်း၏ နောက်ဆုံးစာရင်းဝင် ကုမ္ပဏီဖြစ်သည့် Ever Flow River Group Public Co., Ltd.(EFR) မှလည်း စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း စတော့ရှယ်ယာအစောင်ရေ ၇၅ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၂၃၀၁၀၀ ဖြင့် အသီးသီး ရောင်းဝယ်မှုရှိခဲ့ကြောင်း သိရသည်။
Kay Kay