ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစားဆရာကြီး ဆရာမကြီးများအား အိမ်တိုင်ရာရောက်လိုက်လံကန်တော့

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်၌ အောက်တိုဘာ ၅ ရက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်  ကမ္ဘာ့ဆရာများနေ့တွင်  တာဝန်ရှိသူများက ဆရာကြီး၊ ဆရာမကြီးများအား  အိမ်တိုင်ရာရောက်သွားရောက်၍ လိုက်လံကန်တော့ကြသည်။

ကျွန်တော်တို့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေနဲ့ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးတွေကို ပူဇော်ကန်တော့ခဲ့တာဆိုရင် ဒီနှစ်ဆို (၆)ကြိမ်မြောက် ရှိပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပေမယ့်  ဒီနှစ်ကတော့ အခမ်းအနားမလုပ်တော့ဘဲ အိမ်တိုင်ရာရောက် လိုက်လံကန်တော့တာပါ။ ဒီနှစ်မှာ အငြိမ်းစားဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၁၁၅ ဦးကို အိမ်တိုင်ရာရောက် အုပ်စုဖွဲ့ပြီးတော့ လိုက်လံကန်တော့ခဲ့တာဖြစ်ပါတယ် ဟု ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဖြစ်မြောက်ရေးအဖွဲ့ ဆရာကြီး ဦးချစ်ထွန်းက ပြောသည်။

ထိုသို့အိမ်တိုင်ရာ ရောက်ကန်တော့ရာတွင် ဝန်းသိုမြို့နယ်အတွင်းရှိ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများနှင့် ပညာရေးဝန်ထမ်းများ အသက် ၇၀ နှစ်နှင့်အထက် ၃၁ ဦးကို ငွေကျပ်တစ်သိန်းနှုန်း၊ အသက် ၆၀ နှစ်နှင့်အထက် ၈၄ ဦးကို ငွေကျပ် ၂၅၀၀၀ နှုန်း စုစုပေါင်းငွေကျပ် ၅၂ သိန်းကို  တာဝန်ရှိသူများက ဆရာကြီး၊ ဆရာမကြီးများ၏ အိမ်တိုင်ရာရောက် လိုက်လံကန်တော့ကြကြောင်း သိရသည်။                  

ကျော်မြိုင်