ရောမ၊ ဘောလုံး
ရိုးမားအသင်းတိုက်စစ်မှူး မက်ခီတာယန်းသည် အင်တာမီလန်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားရန် သဘောတူညီမှုရရှိပြီးနောက် ဆေးစစ်မှုအောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ် မက်ခီတာယန်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလက ရိုးမားအသင်းမှ အင်တာမီလန်အသင်းသို့ တစ်နှစ် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားပြီးနောက် ၂၀၂၀ ပြည့်နှစ် စက်တင် ဘာလတွင် အပြီးသတ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစား ခဲ့ခြင်းဖြစ်သည်။
မက်ခီတာယန်းသည် ရိုးမားအသင်း၌ သုံးနှစ်ကြာကစားပြီးနောက် ဘောလုံးရာသီတိုင်းတွင် ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့် ရရှိခဲ့ပြီး လက်ရှိနည်းပြ မော်ရင်ဟိုလက်အောက်တွင် အဓိက ကစားသမားအဖြစ်ပါဝင်ခွင့်ရရှိခဲ့သော်လည်း ယခုလကုန်တွင် ရိုးမား အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ရိုးမားအသင်းက မက်ခီတာယန်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မလွှတ်လိုသည့်အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်းကိုယ်တိုင်က ရိုးမားအသင်း၌ ဆက်လက်ကစားလိုခြင်းမရှိတော့သောကြောင့် သက်တမ်းတိုး စာချုပ်ကို ငြင်းဆိုကာ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကစားရန်ဆုံးဖြတ်ခဲ့ပြီး ယခုလကုန်တွင် အင်တာမီလန်အသင်းနှင့် ပူးပေါင်းမည်ဖြစ် ကြောင်း သိရသည်။
Ref;90Min