COVID-19  ရောဂါကုသမှု ခံယူနေရသော သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ -

   

COVID-19  ရောဂါ ကုသမှုခံယူနေရသော သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များအတွက် အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ အလှူရှင်များက လာရောက် ပေးအပ်လှူဒါန်း သည်။

   

ဦးစွာအလှူရှင်များ ဖြစ်သည့် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇၀) ကျောင်းဆင်း အရာရှိများနှင့် မိသားစုများကိုယ်စား တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များက အလှူငွေကျပ် ၂၇ သိန်းကို ပေးအပ် လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။