၂၀၂၂ ခုနှစ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

၂၀၂၂ ခုနှစ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဇွန် - ၆

၂၀၂၂ ခုနှစ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်ရှိ အားကစား ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်အဖြစ် ရန်ကုန်တပ်နယ်ကိုယ်စားပြုအသင်းနှင့် မင်္ဂလာဒုံတပ်နယ်ကိုယ်စားပြုအသင်းတို့၏ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြ သည်။

အဆိုပါ တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၂၂ သင်းဖြင့် ဇွန် ၁၀ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။