၂၀၂၂ ခုနှစ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ ဇွန် - ၆
၂၀၂၂ ခုနှစ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံသင်တန်းကျောင်း စက်ပစ်ကွင်း ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး မိုးပျံပူဖောင်းအား ပစ္စတိုဖြင့် ပစ်ခတ်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က သရုပ်ပြပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များက ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၂ နှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့ဖြင့် ဇွန် ၁၃ ရက်ထိ ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။