၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲနှင့် အလှူငွေများ ပေးအပ်ပွဲ ပြုလုပ်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲနှင့် အလှူငွေများ ပေးအပ်ပွဲ ပြုလုပ်

နေပြည်တော်၊ ဇွန် - ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲနှင့် အလှူငွေများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တာမွေမြို့နယ်ရှိ ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက အလှူငွေများ၊ စာအုပ်များနှင့် Mask များ အသီးသီးပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကြသည်။

ဆက်လက်၍  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား ပြီး ကျောင်းသား၊ ကျောင်းသူများက Myanmar Fitness Dance ၊ ကရာတေးဒို၊ မြန်မာသိုင်း၊ ဝူရှူးအားကစားနည်းများဖြင့် သရုပ်ပြဖျော်ဖြေမှုများနှင့် အားကစားဆိုင်ရာ ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။