တန့်ကြည်တောင်ဘုရားအား ဖူးမျှော်ကြည်ညိုရန် လာရောက်သည့် ဘုရားဖူး ယာဉ်အား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဆင်ခြင်တုံတရားမဲ့စွာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘုရားဖူးပြည်သူတစ်ဦး သေဆုံး

တန့်ကြည်တောင်ဘုရားအား ဖူးမျှော်ကြည်ညိုရန် လာရောက်သည့် ဘုရားဖူး ယာဉ်အား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဆင်ခြင်တုံတရားမဲ့စွာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘုရားဖူးပြည်သူတစ်ဦး သေဆုံး

နေပြည်တော်၊ ဇွန် - ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဘုရားအား ဖူးမြော်ကြည်ညိုရန်လာရောက်သည့် ဘုရားဖူးယာဉ်အား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက ဘုရားကုန်းပေါ်သို့ တက်ရောက်သည့် လမ်း၌ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်သဖြင့် ဘုရားဖူးပြည်သူ တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရှော်တောမှော် ကျေးရွာ နေထိုင်သည့် ဦးမြင့်သန်း (ဘ) ဦးစိန် (၆၉)နှစ် သည် မိသားစုဝင် ၆ ဦး နှင့်အတူ ဧည့်လမ်းညွှန်တစ်ဦးလိုက်ပါ၍ ယနေ့နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာ၊ ဗူးဘုရား စက်လှေဆိပ်မှ စက်လှေဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ဘက်အခြမ်းရှိ တန့်ကြည်တောင်ဘုရား အား ဖူးမျှော်ကြည်ညိုရန် သွားရောက်ခဲ့ကြောင်း၊ တန့်ကြည်တောင်ကျေးရွာ ဆိပ်ကမ်းသို့ရောက်ရှိပြီး Hijet အမျိုးအစား မော်တော်ယာဉ်ဖြင့် ဘုရားကုန်း ပေါ်သို့ ဆက်လက်ထွက်ခွာလာစဉ် နံနက် ၈ နာရီခွဲခန့်တွင် ဘုရားကုန်းလမ်း တစ်ဝက်သို့အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ် များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်မှုများကြောင့် ဦးမြင့်သန်း တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် စက်လှေ၊ ပုဂံလူမှု ကူညီရေးအသင်းမှ မော်တော်ယာဉ်တို့ဖြင့် ညောင်ဦးပြည်သူ့ဆေးရုံ သို့ပို့ဆောင် ဆေးကုသမှုခံယူစေခဲ့သော်လည်း ရရှိဒဏ်ရာဖြင့် နံနက် ၁၀ နာရီ ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရား ကင်းမဲ့စွာ ယခုကဲ့သို့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် စိတ်အေးချမ်းသာစွာ ဘုရားဖူး လာရောက်သည့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ ကျန်ရစ် သူမိသားစုများနှင့်အတူ ဒေသခံပြည်သူများအနေဖြင့် ဝမ်းနည်းစိတ်မကောင်းမှု များ ဖြစ်ပေါ်လျက်ရှိပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဝိုင်းဝန်းကန့်ကွက်ရှုံ့ချလျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။