တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအားသက်မှတ်ရက်ထပ်မံတိုးမြှင့် ဖိတ်ခေါ်ခြင်း

တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအားသက်မှတ်ရက်ထပ်မံတိုးမြှင့် ဖိတ်ခေါ်ခြင်း

ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိ သောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထား ရသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံသား မျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာကျောင်းတည်ရှိသည့် မြို့နယ် ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့ လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံး သို့ဖြစ်စေ ၇-၆-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့က ထပ်မံသတင်းထုတ်ပြန်ဖိတ်ခေါ်ခဲ့ရာ ဆရာ၊ ဆရာမ (၂၉၆၀)ဦး ဆက်သွယ် သတင်းပို့ခဲ့ပါသည်။

ဆက်သွယ်သတင်းပို့ရန် ဆန္ဒရှိပါသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသော အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသော ဆရာ ဆရာမများအတွက် သတင်းပို့ဆက်သွယ်ရမည့်ရက်ကို (၁၄ - ၆ - ၂၀၂၂) ရက်နေ့အထိ ထပ်မံ၍တိုးမြှင့်သတ်မှတ်ပေးလိုက် ကြောင်း အသိပေးကြေညာအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့