(၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးကျင်းပ

နေပြည်တော်   အောက်တိုဘာ  ၆

မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် (၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေ အရာရှိကြီးများ အစည်းအဝေး (ASLOM)) နှင့်လုပ်ငန်းအဖွဲ့(Working Group)အစည်းအဝေးကို အောက်တိုဘာ ၅ ရက်မှ ၇ ရက်အထိ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပလျက်ရှိသည်။

အဆိုပါ ASLOM အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်  ဦးထွန်းထွန်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး၊  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်နှင့် အာဆီယံ ၁၀ နိုင်ငံမှ အဆင့်မြင့်ဥပဒေ အရာရှိကြီးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန်အကူအညီပေးရေးနှင့်  လူကုန်ကူးမှုကိစ္စရပ်များစသည့် ဥပဒေနယ်ပယ်များတွင် ဗှူဥြ အနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ဗှူဥြ အစည်းအဝေးသည် အဓိကမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ASLOM ခေါင်းဆောင်များ၏ ကြိုးစားအားထုတ်မှုများကြောင့် အာဆီယံပြစ်မှုဆိုင်ရာကိစ္စရပ်များတွင်   အပြန်အလှန်အကူအညီပေးရေး သဘောတူစာချုပ်နှင့်    အာဆီယံ တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်တို့ ဖြစ်ပေါ်လာမှုကို ဂုဏ်ပြုကြောင်း ပြောကြားသည်။

အစည်းအဝေးတွင်  ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး    ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင်   ဥပဒေဆိုင်ရာ အပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ်နှင့် အာဆီယံတရားခံလွှဲပြောင်းရေး သဘောတူစာချုပ်တို့၏   ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံကုန်သွယ်ရေး ဥပဒေ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပြစ်မှုတားဆီးကာကွယ်ရေးနှင့် ပြစ်မှုဆိုင်ရာတရားမျှတမှု၊ တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှု၊ တရားမနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေဆိုင်ရာအပြန်အလှန် အကူအညီပေးရေးစသည့် အာဆီယံဒေသတွင်း ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။