ဧရာဝတီတိုင်းဒေသကြီး၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ဘိုကလေးမြို့၊ ကဒုံကနိ ကြိုးဝိုင်း၌ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ဘိုကလေးမြို့၊ ကဒုံကနိ ကြိုးဝိုင်း၌ ပြုလုပ်

 
နေပြည်တော်၊ ဇွန် - ၉

 
ဧရာဝတီတိုင်းဒေသကြီး၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ဘိုကလေးမြို့၊ ကဒုံကနိကြိုးဝိုင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဗြူးရွှေဝါပင်များ၊ ပင်လယ် အုန်းပင်များကို ဒေသခံပြည်သူများအား အသီးသီးပေးအပ်သည်။ ၎င်းနောက် တက် ရောက်လာကြသူများနှင့်အတူ ဗြူးရွှေဝါပင်များ၊ သမဲ့ပင်များ၊ ကျနပင်များ၊ လမုပင်များ စုစုပေါင်းစိုက်ပျိုးပင် ၆၀၅၀ ပင်တို့ကို စုပေါင်းစိုက်ပျိုးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေး ကြသည်။

 
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဗြုံးမွှေးကျွန်းပျိုးဉယျာဉ်ရှိ ပျိုးပင်များပျိုးထောင်ထားရှိမှုများကို လည်းကောင်း၊ ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု၊ ငါးပုတ်သင်တန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများကို လည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။