ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ဇွန်  - ၁၀

ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ကျင်းပပြုလုပ်သော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး (၉)ထပ် တိုးချဲ့ဆောင်၏ (၈၃) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။