တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇွန်  - ၁၀

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့၊ သုဝဏ္ဏ သီရိဟုန်းခမ်းကျောင်းတိုက်၊ မွန်ပြည်နယ်၊ သထုံမြို့၊ ဇရစ်ချောင်းကျောင်းတိုက်၊  ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာရှိ ကျိုက်ဒေဝိဘုရား ကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ကရင်ဆိပ်စံပြကျေးရွာရှိ အောင်မင်္ဂလာကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက်၊ မောင်တောမြို့၊ တောင်ပြိုလက်ဝဲမြို့ရှိ နံ့သာတောင်ပညာဒါနပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက်၊ ဘူးသီးတောင်မြို့ရှိ အောင်မြေရတနာဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့ရှိ သဒ္ဓမ္မဇောတိကာရာမ ဘုန်းတော်ကြီးကျောင်း၊ အမ်းမြို့ရှိ စာရုတောင်ဘုန်းတော်ကြီး ကျောင်း၊ စစ်တွေမြို့ရှိ သုဝဏ္ဏဘူမိတပ်ဦးကျောင်း၊ မင်းပြားမြို့ရှိ ဘူးပင်တပ်ဦးကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ တက္ကသိုလ်မုခ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အရှေ့တောရဘုန်းတော်ကြီးကျောင်း၊ စလင်းမြို့နယ်၊ တောစိမ့် ကျေးရွာရှိ မင်္ဂလာတောရဘုန်းတော်ကြီးကျောင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်း ကြီးကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းတို့မှ  သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းပြီး နယ်မြေခံ ဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။