နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇွန် - ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိ ကြီးများအား  ဗိုလ်တထောင်မြို့နယ်ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်များမှ ဌာန ချုပ်မှူး များနှင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူတစ်ဦးက တပ်ဌာနချုပ်သမိုင်းအကျဉ်း၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဒေသခံပြည်သူများအား ကျန်းမာရေးအပါအဝင် အခြားလိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်မှာကြားသည်။

ရေကြောင်းသွားလာမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိစေရေး စနစ်တကျဖြင့် ကွပ်ကဲကြပ်မတ်ရမည်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် ရေကြောင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိစေရေး စနစ်တကျဖြင့် ကွပ်ကဲ ကြပ်မတ်ရမည်ဖြစ်သကဲ့သို့ စည်းကမ်းချိုးဖောက်သည့် ရေယာဉ်များ၊ သင်္ဘောများ မရှိစေရေး ဆောင်ရွက်ရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားသယ် ဆောင်နေမှုများ မရှိစေရေး တားဆီးဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ခေါင်းဆောင်မှုအခန်းကဏ္ဍ

တပ်ဌာနချုပ်တစ်ခု၏ ကောင်းခြင်း၊ မကောင်းခြင်းသည် ယင်းတပ်ကို ဦးဆောင် ရသည့် ဦးစီးခေါင်းဆောင်များနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိပြီး ခေါင်းဆောင်မှု ကောင်း စွာဖြင့် ကွပ်ကဲအုပ်ချုပ်နိုင်မှသာလျင် တပ်ကောင်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိ၏ခေါင်းဆောင်မှုကို မြှင့်တင်နိုင်ရေးအတွက် ထိုးထွင်းတီထွင်ကြံဆ လုပ်ဆောင်နိုင် မှုနှင့် ခေါင်းဆောင်ကောင်း တစ်ယောက်နှင့်လျော်ညီစွာ နေထိုင်ပြောဆိုလုပ်ကိုင် ဆောင်ရွက်မှုတို့သည်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်မှ သာလျင် လုပ်ဆောင်ပြုမူပြောဆိုချက်များသည်လည်း ကောင်းမွန်မည်ဖြစ်ကြောင်းနှင့် မိမိကွပ်ကဲအုပ်ချုပ်ရသူများ၏ စိတ်နေသဘောထားနှင့် လုပ်ဆောင်နိုင်စွမ်းများ၊ အားသာချက်၊ အားနည်းချက်များကိုလည်း သိရှိအောင်ဆောင်ရွက်ရန်လိုပြီး ထိုသို့သိရှိ နေမှသာလျင် လူမှန်နေရာမှန်နေရာချထား၍ ကွပ်ကဲအုပ်ချုပ်နိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များအနေဖြင့် မိမိကိုယ်တိုင် စနစ်တကျ နေထိုင်သွားလာတတ်မှုနှင့် မိမိ တာဝန်ယူရသည့် တပ်ဌာနချုပ်ကို ကောင်းမွန်အောင် ကွပ်ကဲအုပ်ချုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး နေ့စဉ်လုပ်ဆောင်ရမည့် တာဝန်များကို မှန်မှန်ကန်ကန်ဖြင့် လုပ်ဆောင်နေရမည်ဖြစ်ကြောင်း။

မိမိကွပ်ကဲအုပ်ချုပ်ရသည့် အရာရှိ၊ စစ်သည်များကို စည်းကမ်းတကျနေထိုင် ပြောဆိုတတ်စေရန် ကြပ်မတ်ဆောင်ရွက်စေခြင်းသည် လေ့ကျင့်ပေးနေခြင်းပင်ဖြစ် ကြောင်း၊ ထိုသို့ လုပ်ဆောင်စေခြင်းဖြင့် စစ်သည်တစ်ဦးချင်းမှသည် တပ်တစ်တပ်ချင်း အလိုက် ၎င်းမှတစ်ဆင့် စည်းကမ်းစနစ်တကျရှိသည့် တပ်မတော်ကို တည်ဆောက် ရမည်ဖြစ်ကြောင်း၊ ဦးစီးခေါင်းဆောင်များအနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ် ဆောင်ရွက်၍ ကွပ်ကဲအုပ်ချုပ်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ အဆင့်ဆင့်သော ကွပ်ကဲအုပ်ချုပ်မှုများဖြင့် စည်းကမ်းစနစ်တကျရှိနေရမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ အားလုံးကို အဆင့်အလိုက် မှန်မှန်ကန်ကန် ဖြစ်နေရမည်ဖြစ်ကြောင်း၊ ထူးချွန်ခြင်း၊ ကျွမ်းကျင်ခြင်းသည် တာဝန်တစ်ခု၊ နယ်ပယ်တစ်ခုအတွက်သာဖြစ်ပြီး ဘက်ပေါင်းစုံမှ တွေးခေါ်မြော်မြင်မှုကောင်းစွာဖြင့် ဆောင်ရွက်တတ်ခြင်းသည် ခေါင်းဆောင်မှုကောင်း ခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖြစ်ရန် မိမိကိုယ်တိုင်လေ့လာအားထုတ်မှုပြုရမည်ဖြစ် ကြောင်း၊ မိမိတို့တာဝန်ယူ ဆောင်ရွက်နေရသည့် တပ်များကို စနစ်တကျဖြင့် ကွပ်ကဲ အုပ်ချုပ်နိုင်ရန်နှင့် တပ်တစ်တပ်ချင်းမှအစပြု၍ စည်းကမ်းစနစ်တကျရှိပြီး အမိန့်နာခံ မှုအားကောင်းသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။